Search within Blog

Emotional Corner is Moved Out

0 comments

ခံစားမိသမျှ လို့ နာမည်ပေးခဲ့တဲ့ ကျွန်မရဲ့ Emotional Corner Blog ကို ပြီးခဲ့တဲ့ မတ်လလောက်ကတည်းက နေရာသစ်မှာ wordpress blog တစ်ခုအဖြစ် ပြောင်းပြီး ဆက်ရေးမယ်လုပ်ပြီး အကြောင်းအမျိုးမျိုးကြောင့် မရေးဖြစ်ပါဘူး။ ရေးဖြစ်တော့လဲ မရေးတစ်ချက် ရေးတစ်ချက်နဲ့မို့ ဘလော့ဂ်လိပ်စာအသစ်ကို ဒီမှာလာပြီး မပြောဖြစ်ခဲ့တာပါ။ စာအသစ်မတက်တာ ၅လလောက် ကြာပေမဲ့ သံယောဇဉ်မပျက် ကျွန်မရဲ့ ဘလော့ဂ်ကို လာလာကြည့်နေတဲ့ သူငယ်ချင်းများကို အားလည်းနာ ကျေးဇူးလည်း တင်ပါတယ်။ နောက်ပိုင်း ကျွန်မရဲ့ နှစ်သက်တဲ့ ကဗျာ၊ ဝတ္ထု၊ သီချင်းများနဲ့ ခံစားမိသမျှကို လမ်းအိုလေးပေါ်က wordpress blog မှာပဲ ဆက်ရေးသွားပြီး ဒီ ဘလော့ဂ်ကိုတော့ အမှတ်တရ အနေနဲ့ ဒီတိုင်းထားခဲ့မှာပါ။ Blogspot ကို banned ထားတဲ့ ရွှေပြည်တော်က သူငယ်ချင်းတွေလဲ လာဖတ်ရတာ ပိုလွယ်သွားမယ် ထင်ပါတယ်။ Blog မရေးဖြစ်ပေမဲ့ အမြဲတမ်း လာရောက်လည်ပတ်ပြီး Cbox က နှုတ်ဆက်သွားတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။ တစ်ခါတစ်လေ reply မပြန်ဖြစ်တာ နောက်ကျတာတွေကိုလဲ ခွင့်လွှတ်ပေးကြဖို့ တောင်းပန်ပါတယ်နော်။

From This Moment On ...

0 comments

Through weakness and strength,
happiness and sorrow,
for better, for worse,
I will love you with every beat of my heart.

တွဲလက်များ

1 comments


ဘ၀ အချိန်ခဏလေး
ရှင်သန်ခွင့်ရ တို့ဘ၀ တစ်သက်တာ
အပေါင်းအသင်းတွေကြား
အမြဲတမ်း တို့ဟာ ကြင်နာစွာ

မင်း လိုအင်တိုင်း လိုအပ်တိုင်းပေါ့
မင်းအနားရှိမှာ မငြင်းရက်ခဲ့ဘူး
ပေးဆပ်ခြင်းမှာ ပျော်ရွှင်ရင်းသာ

အားငယ်ချိန်တိုင်း အနားမှာ အစဉ်အားပေးခဲ့တာ
မင်းရဲ့ အပြုံးတွေပဲ မမေ့နိုင်ခဲ့ဘူးလေ

ဒီအပြုံးလေးများနဲ့ တို့ဘ၀ကို ဖန်တီးဆေးခြယ်
ရင်ဆိုင်မယ် အဆိုးဆုံးကြုံလဲ
အကောင်းဆုံးနေ့များ မျှဝေလို့ တို့ခံစားကြမယ်
ယုံကြည်ထားတယ် ....
ခိုင်မာသော တွဲလက်များရယ်

ဟေးးးး ဒီရင်ထဲ အခိုင်မာ ရှိခဲ့ကြတဲ့ မေတ္တာ
မပြောင်းလဲပါဘူး မဟောင်းနွမ်းဘူးလေ ဖြူစင်စွာ
ဟေးးး ဘယ်လိုလဲ တကယ် အိုမင်းလို့သွားတဲ့ တစ်နေ့တိုင်
မပြောင်းလဲပါဘူး မင်းအတွက် တို့ဟာ အမြဲရှိနေမှာ

အားငယ်ချိန်တိုင်း အနားမှာ အစဉ်အားပေးခဲ့တာ
မင်းရဲ့ အပြုံးတွေပဲ
ချစ်စရာ အချစ်ဆုံးလေး ...

ဒီအပြုံးလေးများနဲ့ တို့ဘ၀ကို ဖန်တီးဆေးခြယ်
ရင်ဆိုင်မယ် အဆိုးဆုံးကြုံလဲ
အကောင်းဆုံးနေ့များ မျှဝေလို့ တို့ခံစားကြမယ်
ယုံကြည်ထားတယ် ....
ခိုင်မာသော တွဲလက်များရယ်


Han Tun Collection

5 comments

လွန်ခဲ့တဲ့ ၂လလောက်က ဟန်ထွန်းရဲ့ ရှိနေမယ်အခွေသစ်ထွက်တော့ အဲဒီအကြောင်း ပို့စ်တစ်ခုရေးခဲ့ဖူးပါတယ်။ အရင်ပို့စ်က comment တွေ၊ email တွေအရ ကျွန်မလို ဟန်ထွန်းရဲ့ ပရိသတ်တွေ အများကြီး ရှိတာ သိရတော့ ၀မ်းသာတယ်။ အဲဒီ post မှာ အင်တာနက်ပေါ်က ကျွန်မ ရှာထားဖွေထားတဲ့ တခြားခွေတွေထဲက သူ့သီချင်းလေးတွေချည်းပဲ စုပြီး တင်ပေးခဲ့ဘူးတယ်။ အခု နောက်ထပ် ရလာတဲ့ သီချင်းလေးတွေ ထပ်ဖြည့်လိုက်ပါတယ်။ ဒီသီချင်းလေးတွေ ပြန်ရှာကူညီပေးတဲ့ Native Myanmar နဲ့ Myanmar Cupid Community Forum များက သူငယ်ချင်းများကို ကျေးဇူးပါ။




နားထောင်ချင်နေတဲ့ နှစ်သစ်ဂီတခွေ ရလာတော့ ထပ်လိုချင်မိတာက ဟန်ထွန်းရဲ့ ပထမဆုံး ဆင်ဂယ်လ်အယ်လ်ဘမ် “ အိပ်မက်ယန္တရား ” ပါ။ ရှိတဲ့သူများ ဝေမျှကြပါဦးနော်။



လပြည့်ည ဒိုင်ယာရီ

8 comments

ချစ်သော ဒိုင်ယာရီ

နောက်ထပ် လပြည့်တစ်ညကို ရောက်ခဲ့ပြီ။ ကောင်းကင်ကို မော့ကြည့်လိုက်တော့ ပြာသိုလရဲ့ လပြည့်ဝန်းက ပြည့်လို့ သာလို့။ ကိုယ်ချစ်ရတဲ့သူ အနားမှာ တူတူရှိနေတဲ့ လပြည့်ညဟာ ဟိုအရင် မှောင်မိုက်နေတဲ့ လပြည့်ညတွေနဲ့တော့ တခြားစီပါပဲ။ ဒီညတော့ ခါတိုင်း လပြည့်ညတွေနဲ့ မတူပဲ ကိုယ့်ရင်ထဲမှာလဲ ကြည်နူးမှုနဲ့အတူ စိတ်ချမ်းမြေ့ရတဲ့ လပြည့်ညလေးပေါ့။ ခဏလေးပါပဲ။ ဒါပေမဲ့ တစ်သက်လုံးအတွက် အမှတ်ရနေမဲ့ ခဏလေး တစ်ခုပါ။ ချစ်သောညပါ ဒိုင်ယာရီ ...



♥♥♥ Love for Life ♥♥♥

5 comments

love4life

အနေချင်ဆုံး - ဟန်ထွန်း+ပိုးရည်

0 comments

မင်းအနားမှာ နေချင်သေးတယ်
မင်းအနားမှာ ပျော်ချင်သေးတယ်
Oh baby ....
အချိုဆုံးမင်းရဲ့ အပြုံးလေး စိမ့်ဝင်
ဘ၀ကို ဖြည့်ဆည်း


မင်းအနားမှာ နေချင်သေးတယ်
မင်းအနားမှာ နေချင်တုန်းပဲ
အို တို့ရဲ့နှလုံးသားလေး
ရင်ထဲက ဆွဲထုတ်လို့
ဒီဘ၀ကို ချန်ခဲ့တယ်

အိုးး မင်းမရှိရင် မပျော်ဘူး
တို့ဘ၀က အဆင်မပြေဘူး
နေလို့မကောင်းဘူး
မင်း အနားပဲ နေချင်ဆုံးပဲ

ဒါ ရင်ထဲက စကားလေးတွေ
မပြောင်းလဲ ချစ်သူလေးရေ
မပျက်ပြယ်ဘူး

ငါတို့ စွဲလန်းခြင်းနဲ့ အသက်ရှင်မယ်
အချစ်လေး တို့ရဲ့အဖြစ်က မေ့ရန်မလွယ်
အတူတွဲလျက်ရှိနေမယ်
တစ်ယောက်ထဲ မနေချင်ဘူး

မင်းလေးသာ ဘ၀သတ်မှတ်လိုက်
အကြင်နာများ စာနာ ဖြည့်စွမ်းတဲ့အခိုက်
Oh baby ....
အချိုဆုံးမင်းရဲ့ အပြုံးလေးတွေ
ရင်ကို စီးဝင် နစ်မျောသွား

အတူရှိခဲ့ရင် ပျော်မလား
ဒီဘ၀က အဆင်ပြေသွား
အဝေးကို ပြန်ထွက်မသွားနဲ့

ဒီအတိုင်း အနေချင်ဆုံးပဲ

ဒါ ရင်ထဲက စကားလေးတွေ
မပြောင်းလဲ ချစ်သူလေးရေ
မပျက်ပြယ်ဘူး

ငါတို့ စွဲလန်းခြင်းနဲ့ အသက်ရှင်မယ်
အချစ်လေး တို့ရဲ့အဖြစ်က မေ့ရန်မလွယ်
အတူတွဲလို့ရှိနေမယ် အချစ် မနေခဲ့နဲ့

မင်းအနားပဲ အနေချင်ဆုံးလေး ...
မင်းအနားက အဝေးမသွားနိုင်ပါ ...

အနေချင်ဆုံး - ဟန်ထွန်း + ပိုးရည်

Let me sing a song ...

1 comments

Unmei no fune wo kogi
Nami wa tsugi kara tsugi e to
Watashitachi wo osou kedo
Sore mo suteki na tabi ne
Dore mo suteki na tabi ne



ဝက်ဝံသူငယ်ချင်းများ (၂)

1 comments

လွန်ခဲ့တဲ့ နှစ်လ နီးပါးလောက်က ရေးဖြစ်တဲ့ သွားတဲ့ ၀က်ဝံသူငယ်ချင်းများ (၁) ရဲ့ အဆက်ပါ။ ဒီကြားထဲမှာ တစ်ကောင်တိုးလာလို့ ခုမှ ဓာတ်ပုံ ထပ်ရိုက်ပြီး ဆက်ရေးလိုက်ပါတယ်။




ဒီနှစ်ကောင်ကတော့ စားပွဲပေါ်အလှတင်ထားတယ်။ ဗယ်ဘက်က Forever Freiend Teddy Bear လေးက အမ လေး။ ပါးလေးတွေက ပန်းရောင်လေးနဲ့ သိပ်ချစ်ဖို့ကောင်းတာပဲ။ အဲဒီကောင်လေးကို မြင်တဲ့သူတိုင်း ချစ်ကြတယ်။ ဒီ teddy လေးကို နေးတစ်ဖိုရမ်က သူငယ်ချင်းလေးက ဒီနှစ် မွေးနေ့မှာ လက်ဆောင်ပေးလာတာ။ ညာဘက်ကတော့ အရင် သိပ်ချစ်ခဲ့ကြဘူးတဲ့ သူငယ်ချင်း ၅ ယောက်မှာ ဆင်တူရှိကြတဲ့ ၀က်ဝံလေးပေါ့။ တာကာရှီးမားယား အရုပ်ပွဲတော်က ၀ယ်ထားတာပါ။ တစ်ရုပ်ကို ၅ ကျပ်နဲ့ ဈေးချတုန်းက ၅ ကောင်ဝယ်ပြီး ကျန်တဲ့ ၄ယောက်ကို လက်ဆောင်ပေးခဲ့တာ။ ၂၀၀၆ တုန်းကပေါ့။ အရုပ်တွေ အများကြီးထဲက မျက်နှာချိုပြီး ပြုံးနေတဲ့ ၅ကောင် ရအောင် မနည်း ရွေးယူခဲ့ရတယ်။ သူများတွေတော့ မသိဘူး၊ ကျွန်မ အရုပ်ဝယ်ရင် မျက်နှာ ပြုံးနေတာကို အမြဲ ရွေးတယ်။ မလှတဲ့ မျက်နှာလေးတွေကို သနားပေမဲ့ အမြဲ မြင်နေရမဲ့ အရုပ်ကို ပြုံးတာလေးတွေပဲ ရွေးယူဖြစ်တယ်။

magnet poohsmall

အဲဒီ အရုပ် နှစ်ရုပ်နောက်က ကုတင်တိုင်မှာ သံလိုက်နဲ့ တွယ်နေတဲ့ ပူး ၀က်ဝံ ပေါက်စနကတော့ ဘောင်းဘီမပါဘူး အပြောခံရတဲ့ နိုင်ဂျန်ဂါးပြန် ၀က်ဝံလေးပါ။ ဟောင်ကောင်ဒစ်စနေလန်းဒ်က ကောက်လာတာ အဲ ... ခေါ်လာတာတဲ့။ သူ့ပေါ်မှာ မမွန်ပေးထားတဲ့ ၂၅နာရီဆိုင်က ၀က်ဝံ ညိုညိုပိန်ပိန်လေး တစ်ကောင်နဲ့ ဒီနှစ် အိမ်က ဟိုဘက်ခန်းမှာနေတဲ့ ညီမလေးတစ်ယောက်ဆီက ခရစ်စမတ် လက်ဆောင် အဖြစ်ရထားတဲ့ မျက်စိမပွင့်တဲ့ ၀က်ဝံ အသေးလေးတစ်ကောင်ကို ပြူတင်းပေါက်မှာ တွဲလောင်းချိတ်ထားတယ်။ အဲဒီ နှစ်ကောင်က သူ့ နဂိုပါတဲ့ အကျီနဲ့ မလိုက်ကြလို့ အချင်းချင်း အကျီ လဲဝတ်ပေးထားလိုက်တယ်။ ၀က်ဝံညိုလေးကို နဂို အကျီနဲ့ပုံကို ဒီမှာ ပြထားဖူးသေးတယ်။ ၀က်ဝံဆို ၀မှ ချစ်ပေမဲ့ ဒီဝက်ဝံညိုညိုလေးကိုတော့ ပေးတဲ့သူ မျက်နှာနဲ့ ချွင်းချက်ပေးလိုက်ပါတယ်။



ဒီနောက်ဆုံး နှစ်ခုကတော့ မှီတဲ့ ခေါင်းအုံးလေးတွေပါ။ ဗယ်ဘက်က pooh မျက်နှာလို အရုပ်မျိုး အကြီးကြီး native က ပြည့်ဖြိုးဆီမှာ ရှိတယ်။ သူ ဓာတ်ပုံပို့ပေးတုန်းက လိုချင်လိုက်သေးတယ်။ သူ့အရုပ်က တော်တော်ကြီးပြီး မျက်နှာက အရမ်းချိုတယ်။ အဲဒီ ခေါင်းအုံးလေးကို အခန်းဖော် ညီမလေး မွေးနေ့လက်ဆောင် ၀ယ်ပေးထားတာပါ။ အဲဒီ မျက်နှာနဲ့ ယှဉ်လိုက်ရင် ဘေးက ၀က်ဝံလေးက မှိန်နေတယ်။ တကယ်တော့ အဲဒါလေးကလဲ စာတန်းလေးတွေနဲ့ ချစ်စရာလေး။ တစ်နှစ်ကျော် မွေးနေ့က သူငယ်ချင်း ပေးတာ။ အမြဲတမ်း မှီဖြစ်တဲ့ ခေါင်းအုံးလေးပါ။ ဟို မျက်နှာပုံ ခေါင်းအုံးကိုတော့ ဖက်အိပ်တာများတယ်။

white tiger

အခန်းထဲမှာ ရှိတဲ့ အရုပ်တွေထဲက teddy အရုပ်တွေတော့ ကုန်သွားပြီ။ ကျန်တဲ့ အရုပ်တွေကတော့ စားပွဲပေါ်တင်တဲ့ ခပ်သေးသေးတွေပါပဲ။ အဲဒီထဲက ၂၀၀၇ ဇန်န၀ါရီမှာ အန်တီတစ်ယောက် ပေးထားတဲ့ ကျားဖြူလေးကိုတော့ တော်တော်ချစ်တယ်။ တကယ်တော့ ကျွန်မရဲ့ အရုပ်တော်တော်များများက သူငယ်ချင်းတွေ လက်ဆောင်ဝယ်ပေးထားတာ များတယ်။ အရုပ်မှ မဟုတ်ပါဘူး၊ တခြား အသုံးအဆောင် ပစ္စည်းတွေလဲ တူတူပဲ။ သူငယ်ချင်းတွေ လက်ဆောင်ပေးထားတဲ့ ပစ္စည်းတော်တော်များများကို တန်ဖိုးထားပြီး သုံးစွဲ သိမ်းဆည်းဖြစ်တယ်။ ကိုယ်တိုင်လဲ သူများကို လက်ဆောင်လေးတွေ ပေးရတာ ၀ါသနာပါသလို သူများ ပေးလာတဲ့ လက်ဆောင်လေးတွေ ရရင်လဲ အရမ်းပျော်တတ်တယ်။ ဒါပေမဲ့ ကျွန်မကို ဆိုင်ထဲ ခေါ်သွားပြီး ကြိုက်တာယူလို့ ဆိုတာမျိုးတော့ သဘောမကျ ပြန်ဘူး။ ခုတလော ထူးခြားတာတစ်ခုက အရုပ်တွေကို အရင်ကလောက် အရမ်း crazy မဖြစ်တော့တာပဲ။ ခါတိုင်းဆို အရုပ်ဆိုင် ရောက်လို့ Pooh နဲ့ တခြားသူငယ်ချင်းလေးတွေ မြင်ရင် မထိရ မကိုင်ရရင် မနေနိုင်ဘူး။ ကြိုက်တာတွေ့ရင် ပိုက်ဆံမရှိတောင် မ၀ယ်ပဲ မနေနိုင်ဘူး။ ခုတော့ တော်တော်လေး ဣနြေ္ဒရရ ဖြစ်သွားပြီ။ me2u နဲ့ forever friends teddy တွေကို ကြိုက်နေတုန်းပေမဲ့ winnie the pooh ကိုတော့ တော်တော်လေး ရိုးသွားသလို ခံစားရတယ်။ တခြား ထူးထူးဆန်းဆန်း ချစ်စရာ အရုပ်လေးတွေနဲ့ ရုပ်ဆိုးဆိုး သနားစရာ အရုပ်လေးတွေ တွေ့ရင်တော့ ကောက်ကိုင်မိတယ်။ ဒါပေမဲ့ အရင်ကလောက် လိုချင်တယ်ဆိုတဲ့ စိတ် မရှိတော့ဘူး။ အရုပ်အသစ် မ၀ယ်ဖြစ်တာဆို ကြာလှပြီ ထင်တာပဲ။

ဝက်ဝံသူငယ်ချင်းများ အကြောင်း ပြီးပါပြီ။ :)



Goodbye!

0 comments

မပြတ်မသားနဲ့ မင်း လုပ်လိုက်မိတဲ့ အဖြစ်တွေဟာ ကိုယ့်စိတ်ကို အတိုင်းအတာ တစ်ခုအထိ ထိခိုက်စေခဲ့တယ်ဆိုတာ သိစေချင်တယ်။
သိစေချင်တာ တစ်ခုပဲ၊ ဒီထက် လုံးဝ မပိုဘူး။
သံယောဇဉ်ဆိုတာ ရှိအောင်လုပ်ရင် ဖြစ်လာတတ်တယ်။ ကိုယ့် လုပ်ခဲ့တာတွေ ကိုယ် အသိဆုံး ဖြစ်မှာပေါ့။
ကိုယ်က ဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်ခဲ့လို့ ကိုယ့်လိပ်ပြာ ကိုယ်လုံပါတယ်။
နှုတ်ဆက်ပါတယ်။ ဒီလောက်ဆိုရင် ကျေနပ်ရောပေါ့။
တကယ်တော့ ကိုယ်က ကျိန်စာသင့်နေတာပါ။